Friday, September 5, 2014

Android များတွင် ClockworkMod Recovery (CWM) ကို ကွန်ပျူတာမလိုပဲသွင်းနည်း

CWM ကို ဘာလုပ်ဖို့သွင်းရမှာလဲဆိုတော့ အဓိကကတော့ ဖုန်းရဲ့ firmware ကို backup/restore လုပ်ဖို့ပါ။ နောက်ပြီးရင်တော့ Advanced Recovery Mode ထဲ ဝင်ဖို့၊ XDA က အသစ်ထွက်တဲ့ နောက်ဆုံးပေါ် custom firmware လေးတွေကို ကွကိုယ် တင်စမ်းကြည့်ဖို့ (firmware upgrade လုပ်ဖို့) ၊ SD card ကို partition ခွဲပြီး internal memory ကို ကိုယ်လိုချင်သလောက် တိုးနိုင်ဖို့ စတာတွေ ကလိနိုင်ဖို့ အတွက်ပါ။ 
1. root ဖောက်ပြီးသားဖြစ်ရပါမယ်။ (ကွန်ပျူတာမလိုပဲ root ဖောက်တဲ့ Framaroot နဲ့ ဖောက်နိုင်ပါတယ်)
2. internet connection ရှိပြီး 3G အဆင့်လောက်ရှိထားရင်ပို အဆင်ပြေ ပါမယ်။
3. Rom Manager ကို play store မှာယူပြီးသွင်းလိုက်ပါ။
4. ပြီးရင်  Rom Manager ကို ဖွင့်ပြီး Recovery setup ကိုနှိပ် ပြီး ပေါ်လာသော install or update recovery ကိုနှိပ်ပြီး မိမိ ဖုန်း model ပေါ်လာတဲ့အထိစောင့်ပါ။
5. ပေါ်လာလျှင် ရွေးပြီး download လုပ်သွင်းပြီး တဲ့အထိ အလိုက်သင့် yes/ok နှိပ်သွားပေးလိုက်ပါ။ 
6. download လုပ်သွင်းပြီး သွားလျှင် ClockworkMod Recovery Home Tap ကိုပြန်သွားပြီး reboot into recovery နှိပ်ပေးလိုက်လျှင် reboot ဖြစ်ပြီး ပြန်အတက် မှာ CWM Recovery Mode ထဲကို အောင်မြင်စွာဝင်သွား မှာဖြစ်ပါတယ်။  ok     finish    reboot
မှတ်ချက်။   ။ မိမိဖုန်းရဲ့ firmware အတွက် official cwm supports ထဲမှာပါမှ ရှိမှသာလျှင် အခုနည်းလမ်းက အဆင်ပြေမှာပါ။ support မရှိလို့ အဆင်မပြေရင်တော့ မိမိဖုန်းရဲ့ Model နံပါတ်နဲ့ cwm ကို သီးသန့်ရှာပြီး ကွန်ပျူတာနဲ့သွင်းယူရမှာဖြစ်ပါတယ်။ 



No comments:

Post a Comment