Friday, September 5, 2014

Android များတွင် ClockworkMod Recovery (CWM) ကို ကွန်ပျူတာမလိုပဲသွင်းနည်း

CWM ကို ဘာလုပ်ဖို့သွင်းရမှာလဲဆိုတော့ အဓိကကတော့ ဖုန်းရဲ့ firmware ကို backup/restore လုပ်ဖို့ပါ။ နောက်ပြီးရင်တော့ Advanced Recovery Mode ထဲ ဝင်ဖို့၊ XDA က အသစ်ထွက်တဲ့ နောက်ဆုံးပေါ် custom firmware လေးတွေကို ကွကိုယ် တင်စမ်းကြည့်ဖို့ (firmware upgrade လုပ်ဖို့) ၊ SD card ကို partition ခွဲပြီး internal memory ကို ကိုယ်လိုချင်သလောက် တိုးနိုင်ဖို့ စတာတွေ ကလိနိုင်ဖို့ အတွက်ပါ။ 
1. root ဖောက်ပြီးသားဖြစ်ရပါမယ်။ (ကွန်ပျူတာမလိုပဲ root ဖောက်တဲ့ Framaroot နဲ့ ဖောက်နိုင်ပါတယ်)
2. internet connection ရှိပြီး 3G အဆင့်လောက်ရှိထားရင်ပို အဆင်ပြေ ပါမယ်။
3. Rom Manager ကို play store မှာယူပြီးသွင်းလိုက်ပါ။
4. ပြီးရင်  Rom Manager ကို ဖွင့်ပြီး Recovery setup ကိုနှိပ် ပြီး ပေါ်လာသော install or update recovery ကိုနှိပ်ပြီး မိမိ ဖုန်း model ပေါ်လာတဲ့အထိစောင့်ပါ။
5. ပေါ်လာလျှင် ရွေးပြီး download လုပ်သွင်းပြီး တဲ့အထိ အလိုက်သင့် yes/ok နှိပ်သွားပေးလိုက်ပါ။ 
6. download လုပ်သွင်းပြီး သွားလျှင် ClockworkMod Recovery Home Tap ကိုပြန်သွားပြီး reboot into recovery နှိပ်ပေးလိုက်လျှင် reboot ဖြစ်ပြီး ပြန်အတက် မှာ CWM Recovery Mode ထဲကို အောင်မြင်စွာဝင်သွား မှာဖြစ်ပါတယ်။  ok     finish    reboot
မှတ်ချက်။   ။ မိမိဖုန်းရဲ့ firmware အတွက် official cwm supports ထဲမှာပါမှ ရှိမှသာလျှင် အခုနည်းလမ်းက အဆင်ပြေမှာပါ။ support မရှိလို့ အဆင်မပြေရင်တော့ မိမိဖုန်းရဲ့ Model နံပါတ်နဲ့ cwm ကို သီးသန့်ရှာပြီး ကွန်ပျူတာနဲ့သွင်းယူရမှာဖြစ်ပါတယ်။ 



/* ဖုန်း Internal memory တိုးနည်းနှင့် App နှင့် Autoupdate များ SD ထဲသို့ လွှဲနည်း */


0
ဖုန်း Internal memory နည်းလို့အဆင်မပြေလို့မေးထားတဲ့ သူငယ်ချင်း အတွက်
၁။ root ဖောက်ပြီးသားဖြစ်ရပါမယ်။ SD card 2G အထက်ရှိရပါ မယ်။မလုပ်ခင်မှာ သင့် SD ထဲကဟာတွေကို Backup လုပ်ထား လိုက်ပါဦး။
၂။ Play Store (သို့) apk market တစ်ခုမှာ Link2SD , busybox နဲ့ မိမိ စက်နှင့်ကိုက်သည့် CWM(သို့မဟုတ်)ROM Manager ကိုဒေါင်းပြီးသွင်းလိုက်ပါ။ (ရှိပြီးသည့်ဟာထပ်သွင်းရန်မလိုပါ)
(CWM ကိုကွန်ပျူတာလွတ်သွင်းနည်း-1)   (နည်း-2)
၃။ CWM ကိုဖွင့်ပြီး advanced > Partition SD Card >Ext size မှာ 512M>Swip size မှာ 0 >wait untail complete then back > Reboot (သင့် memory card ပမာဏကိုလိုက်၍ 512M နေရာတွင် 1024M နှင့်အထက်လည်းထားနိုင်သည်)
၎။ ပြီးလျှင် Link2SD ကိုဖွင့်လိုက်ပါ။ option(ဘယ်အောက်ထောင့်ခလုပ်) > More > Creat  mount scripts > ext4 > ok > reboot
ဒါဆိုရင် Partition ခွဲပြီးသွားပါပြီ။ app နဲ့ နောက်သွင်းမယ် app / update တွေကို SD card ထဲသို့လမ်းကြောင်းလွှဲခြင်းနဲ့ ပို့ခြင်းလုပ်ပါမယ်။
၅။ Link2SD ကိုပြန်ဖွင့်ပါ။ option> setting> Auto link ကိုအမှန်ပေးပါ။ အောက်မှAuto link setting ထဲတွင်လည်း အားလုံး အမှန်ခြစ်ပေးပါ။ အဲတာက သင်အသစ်သွင်းမယ့် ဟာတွေကို ခု ခွဲထားတဲ့ partition ထဲကို ပို့ပေးမှာဖြစ်ပါတယ်။
၆။ အရင်သွင်းပြီးသား ဟာတွေကို အဲ့တိ အထဲကိုပို့ မယ်ဆိုရင်တော့ အပေါ်မှာ ဖန်ခွက်ပုံ/သဲနာရီပုံ ကိုနှိပ်> On internal ကိုရွေး> ပေါ်လာသော app များထဲမှ super user/font/keyboard မှလွဲ၍ကျန်တာကို  Multi select နဲ့ select လုပ်ပြီး Create link လုပ်ပစ်လိုက်ပါ။
၇။SD card ထဲကိုပဲပို့ချင်ရင်တော့> On SD card ကိုရွေးပါ။ Linked ဆိုတာတွေက သင်အသစ်ခွဲလိုက်တဲ့ partition ထဲ ကို ပို့ထားတဲ့ ဟာကိုပြောတာဖြစ်ပါတယ်။ 

Application အများကြီးထည့်လို့ ဖုန်းလေး နေသူများအတွက် App Freeze

ကျနော့်မှာ သုံးနေတဲ့ Huawei ဖုန်းတစ်လုံးရှိပါတယ်။ ဟိုစမ်းဒီစမ်းနဲဆိုတော့ App တွေထည့်တာပေါ့။ များလွန်းတော့ နောက်ကွယ်ကနေအလုပ်လုပ်တဲ့ App တွေများပြီး ခဏခဏ Clean လုပ်ပေးနေရပါတယ်။ အဲလိုနဲဟိုတစ်နေက App Freeze ဆိုတဲ့ ကောင်လေးစမ်းထည့်လိုက်တာ အသစ်အတိုင်းမြန်သွားပါတယ်...

 အရမ်းကောင်းလို့ မျှဝေလိုက်ခြင်းဖြစ်ပါတယ်။ အောက်မှာဒေါင်းလုပ်ယူပါ။ အသုံးပြုနည်းကတော့ ပထမပုံမှာပြထားတဲ့အတိုင်း Enable မှာ သိပ်သုံးနေကျမဟုတ်တွေ app တွေ ကို အမှန်ခြစ်ပြီး အောက်က Freeze ကိုနှိပ်ပါ။ 
 Picture
 Picture
ထို Freeze လုပ်ထားသော (အေးခဲထားသော) Appများသည်။ လုံးဝအလုပ်မလုပ်တော့ပဲ့ ဒုတိယပုံအတိုင်း Disable မှာ အမှန်ခြစ်ပြန်တပ်၍ အောက်က Unfreeze နှိပ်မှအသုံးပြုလိုရပါမယ်။ သဘောတရားကတော့ အသုံးမလိုတဲ့ app တွေကို Uninstall လုပ်စရာမလိုပဲ Freeze လုပ်ထားခြင်းဖြင့် ဖုန်းကိုလျှင်မြန်သွက်လက်ပေါ့ပါးစေမှာဖြစ်ပါတယ်။ ဖိုင်းဆိုဒ် တော့သိပ်ပြီးမကြီးပါ
3.2MBသာရှိပါတယ်

credit-ညီနေမင်း